*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****ဘုရားရှင်ရဲ့အဆုးံအမ တရားတော်တွေဟာ ဗဟုသုတရရှိရန် တစ်ခုတည်း အတွက် မဟုတ်ပါဘူး လက်တွေ့လေ့ကျင့်ရန်နှင့် အကျိုးရှိအောင် အသုးံချရန်ဖြစ်ပါတယ်။*****

Wednesday, March 20, 2013

ဖွားတော်မူရာ လုမ္ဗိနီ (ပထမ သံဝေဇနိယ)

မြတ်ဗုဒ္ဓအလောင်းတော်သည်  မဟာသက္ကရာဇ် ၆၈-ခု  ကဆုန်လပြည့် သောကြာနေ့တွင်  ဒေ၀ဒဟနှင့် ကပိလ၀တ္ထုတို့ အကြား၇ှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မီးရူသန့်စင် ဖွားမြင်တော်မူပါသည်။

ပရိနိဗ္ဗာန်စံတော်မူရာ ကုသိနာရုံ( စတုတ္ထသံဝေဇနိယ)

 မြတ်ွာဘုရားရှင်သည် မဟာသက္ကရာဇ်(၁၄၈)ခု၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် မလ္လမင်းတို့၏ အင်ကြင်းရဂုံကုသိနာရုံ၌ ငြိမ်းခြင်းသဘော၇ှိသော အနုပါဒိသေသ နိဗ္ဗာနဓါတ်ဖြင့်  ပရိနိဗ္ဗာန်ဝင်စံတော်မူပါသည်။



Monday, March 18, 2013

တရားဦးဟောတော်မူရာ မိဂဒါဝုန် ( တတိယ သံဝေဇနိယဌာန)

မြတ်စွာဗုဒ္ဓသည် အစ၏ကောင်းခြင်း ၊ အလယ်၏ကောင်းခြင်း၊ အဆုးံ၏ကောင်းခြင်း သဘောရှိသော ဓမ္မသစ္စာ လမ်းစဉ်ခေါ် ဓမ္မစကြာဒေသနာတော်ကြီးကို မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ၊ ၀ါဆိုလပြည့် စနေနေ့တွင် သား သမင်တို့ ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဟောကြားတော်မူခဲ့ပါသည်။



Sunday, March 17, 2013

ရာဇာရတန သတ္တာဟ ( သတ္တမသတ္တာဟ)

မဟာဗောဓိပင်အောက်၏ တောင်ဘက် လင်လွန်းပင်ရှိရာ အရပ်၌(၇)ရက်တာ သီတင်းသုးံ စံနေတော်မူပြီးနောက် တပုဿ နှင့် ဘလ္လိကာ ကုန်သည် ညီနောင်တို့က မြတ်ဗုဒ္ဒအား ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး မြတ်ဗုဒ္ဓက ဒွေဝါစိက သရဏဂုံတည်စေကာ  ဆံတော်မြတ်များပေးသနားတော်မူခဲ့ရာဒေသကို ရာဇာရတနသတ္တာဟ ဟု ခေါ်ပါသည် ။

မုစလိန္ဒသတ္တာဟ (ဆဌမ သတ္တာဟ)

       ကျည်းပင်ပေါက်ရာ  မုစလိန္ဒာအိုင်အနီးတွင် မြတ်ဗုဒ္ဓသီတင်းသုးံတော်မူစဉ် အခါမဲ့မိုးကြီးရွာ သွန်းဖြိုးစေခဲ့ပါသည်။  မုစလိန္ဒာနဂါးမင်းက  အခွေဖြင့် ရစ်ပတ်ကာရံ၍ပါးပျဉ်းနှင့် ဆောင်မိုးအုပ်ကာသောနေရာကို မုစလိန္ဒသတ္တာဟ ဟုခေါ်ပါသည်။

အဇပါလသတ္တာဟ (ပဉ္စမ သတ္တာဟ)

 မဟာဗောဓိစေတီတော်ကြီးရှေ့ ဆိတ်ကျောင်းညောင်ပင်နေရာတွင် (၇)ရက် သီတင်းသုးံစဉ်မာရ်နတ်၏ သမီး(၃)ယောက်တို့ ဖျားယောင်းမူကို အောင်မြင်တော်မူသော နေရာကို  အဇပါလနိဂြောဓ သတ္တာဟ ဟုခေါ်ပါသည်။

ရတနာဃရသတ္တာဟ ( စတုတ္ထသတ္တာဟ)

          မဟာဗောဓိပင်၏ အနောက်မြောက်တွင် နတ်တို့၏ဖန်ဆင်းသော ရတနာရွှေအိမ်၌ ထက်ဝယ်ဖွဲခွေ စံနေတော်မူပြီး အဘိဓမ္မာတရားတော်တို့ကို ဆင်ခြင်သုးံသပ်တော်မူခဲ့သော နေရာကို ရတနာဃရသတ္တာဟ ဟုခေါ်ပါသည်

စင်္ကမန သတ္တာဟ (တတိယ သတ္တာဟ)

 ပလ္လင်တော်နှင့် အနိမိသဌာန အကြား ကောင်းကင်တွင် လူးလာတုံ့ခေါက် စင်္ကြံလျှောက်လျက် (၇) ရက်တာ နေတော်မူခဲ့သော ဌာနကို စင်္ကမန သတ္တာဟ ဟုခေါ်ပါသည်။

အနိမိသ သတ္တာဟ (ဒုတိယ သတ္တာဟ)

     နတ်ဗြဟ္မာတို့၏ သံသယကို ပါယ်ဖျက်ရန် ရေမီးအစုံတန်ခိုးပြတော်မူပြီး ဗောဓိပင်၏အရှေ့ မြောက်အရပ်မှ ပလ္လင်တော်ကို မျက်တောင် မခတ်ဘဲ ကြည့်ခဲ့သောနေရာတော်မြတ်ကို အနိမိသ သတ္တာဟ ဟု ခေါ်ပါသည်။

ပလ္လင်္ဂသတ္တာဟ (ပထမ သတ္တာဟ)

 ဗောဓိပင်နှင့် ရွှေပလ္လင်နေရာတွင် မြတ်ဗုဒ္ဓသည် (၇)ရက်တို့ကာလပါတ်လုးံ ဖလသမာပတ်ဝင်စားကာဖြင့် ချမ်းမြေ့ရွှင်ပြုးံ သီတင်းသုးံတော်မူခဲပသော နေရာကို ပလ္လင်္ဂ သတ္တာဟ ဟု ခေါ်ပါသည်။

Saturday, March 2, 2013

သုဒ္ဓိယ မြက်ရှစ်ဆုပ်ကို လှူဒါန်းနေပုံ


သုဇတာသူဌေးသမီး နို့ဃနာဆွမ်း ဆက်ကပ်နေပုံ


ဒုက္ကစရိယာကျင့်နေပုံ (ဥရုဝေလတောင်)


ဗုဒ္ဓဂယာ ဘူမိဖုဿဘုရား


ဗုဒ္ဓဂယာ ဘူမိဖုဿဘုရား


ပွင့်တော်မူရာ ဗုဒ္ဓဂယာ( ဒုတိယ သံဝေဇနိယဌာန)

ဂေါတမမြတ်စွာဘုရားရှင်သည်  မဟာ သက္ကရာဇ် (၁၀၃) ခုနှစ်၊ ကဆုန်လပြည့်  ဗုဒ္ဓဟူးနေ့တွင် ဗုဒ္ဓဂယာ မြေမြတ်မဟာ၌ သဗ္ဗညုတဥာဏ်တော်ရပြီး ဘုရားအဖြစ် ပွင့်ထွန်းတော် မူပါသည်။

ဗုဒ္ဓဂယာ


ဗုဒ္ဓဂယာ


ဗုဒ္ဓဂယာ (ညမြင်ကွင်း)


ဗုဒ္ဓဂယာ ( ညမြင်ကွင်း)


ဗုဒ္ဓဂယာ( ညမြင်ကွင်း)